(မှုခင်း) ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဩဂုတ်လ ၁၈ ရက်နေ့က ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် အမရပူရခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက် ဗားကရာ ကျောင်း တိုက်အနီး၌ ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ ထွန်းထွန်း(ခ)ငပိန်၊ ၃၅ နှစ်အား အရိုး/အသွား ၃၀ လက်မခန့်ရှိ ဓားဦးချွန် ၁ ချောင်းကိုင်ဆောင် သွားလာနေ သည်ကို စစ်ဆေးတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ထွန်းထွန်း(ခ)ငပိန်အား အမရပူရမြို့မရဲစခန်း (ပ)၂၈၃/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။