ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရမယ့် ဟာဗက်ဇ်

(အားကစား) ဩဂုတ် ၂၁

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား ဟာဗက်ဇ် ဟာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ကာလအတန်ကြာ အနားယူရတော့မယ်လို့ သိရပါတယ်။

အနားယူရမယ့်အချိန်ကာလအတိအကျကို လောလောဆယ်မသိရှိရသေးပေမယ့် အာဆင်နယ်အသင်းက တိုက်စစ်ကစားသမား ထပ်မံအားဖြည့်ဖို့ ပိုမိုအားစိုက်ကြိုးပမ်းနေပြီဖြစ်ကြောင်းသိရပါတယ်။

အာဆင်နယ်အသင်းဟာ PFA အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိထားတဲ့ အက်စတွန်ဗီလာ ကွင်းလယ် ကစားသမား မော်ဂန်ရော်ဂျာစ် ကို ခေါ်ယူဖို့ စီစဥ်နေကြောင်းလည်း သတင်းထွက်ပေါ်နေပါတယ်။

#PAN