(မှုခင်း) ဩဂုတ် ၂၁
အဆောင် အတက်အဆင်းလှေကားထိပ် ဝရံတာအနီးမှာ ဆော့ကစားနေတဲ့ နည်းပညာ ကျောင်းသား ၂ ဦး ဝရံတာလက်ရန်းပေါ်ကို ထိုင်စဉ်အောက်ကို ပြုတ်ကျပြီး ၂ ဦးပြုတ်ကျသေဆုံးသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံက သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ နယ်၊ နည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်းမှာရှိတဲ့ ဘုရင့်နောင်ဆောင်မှာနေထိုင်တဲ့ Mechanical 4 years ကျောင်းသား(၂)ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ကျောင်းသား ၂ ဦးဟာ ဩဂုတ်လ ၁၉ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်က (၂)ထပ်အဆောင်ရဲ့ အပေါ်ထပ်အတက်အဆင်းလှေကားထိပ် ဝရံတာအနီးမှာ ဆော့ကစားကာ ဝရံတာလက်ရန်းပေါ်မှာထိုင်စဉ် အောက်ကိုပြုတ်ကျပြီး သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။
ဝရံတာလက်ရန်းပေါ်ကပြုတ်ကျတဲ့ ကျောင်းသား(၂)ဦးလုံး နှာခေါင်းသွေးထွက်၊ ဦးခေါင်းဖူးယောင်ဒဏ်ရာတွေရရှိခဲ့တာကြောင့် တောင်ငူပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူစဉ် ရရှိဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်လို့လည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကပြောပါတယ်။
သေဆုံးခြင်းနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ဆက်လက်စစ်ဆေးဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
#PAN