လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း စတင်တင်သွင်းမယ့်ရက်ကို စက်တင်ဘာ လ ၈ ရက်နေ့ သတ်မှတ်

(ပြည်တွင်း) ဩဂုတ် ၂၀

လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၅၇ / ၂၀၂၅ ) ဖြင့်ကြေညာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ လ ၈ ရက် ကို လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်သည့် နေ့ရက် အဖြစ်ကြေညာထားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုပါက ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် နောက်ဆုံးထားပြီး ရုပ်သိမ်းနိုင်ကြောင်း ကြေညာထားသည်။

ထို့အတူ PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မိမိပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်း တစ်ဦးအတွက် အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းပါက စတင် အစားထိုး ပြန်လည် တင်သွင်းရမည့်နေ့ရက် နှင့် နောက်ဆုံးနေ့ရက်အဖြစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် မှ စက်တင်ဘာ လ ၁၇ ရက်အထိ ဖြစ်‌ကြောင်း ကြေညာထားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများစိစစ်မည့် နေ့ရက်အဖြစ် ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် မှ အောက်တိုဘာ လ ၄ ရက် အထိဖြစ်ကြောင်း သိရသည်။

#PAN