
(အားကစား) ဩဂုတ် ၂၀
အေစီမီလန်အသင်းက မန်ယူအသင်းတိုက်စစ်မှူး ဟွိုင်လန်း ကို ခေါ်ယူဖို့စိတ်ဝင်စားကြောင်း အတည်ပြုခဲ့ပါ တယ်။
အေစီမီလန်အသင်းအားကစားဒါရိုက်တာ တာရေး က ဟွိုင်လန်း ဟာ မိမိတို့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။
ဟွိုင်လန်း ဟာ အာဆင်နယ်အသင်းနဲ့ပွဲမှာ အသင်းလူစာရင်းထဲတောင် ပါဝင်ခဲ့ခြင်း မရှိပေမယ့် ဟွိုင်လန်း က မန်ယူအသင်းမှာ ဆက်လက်ကစားလိုတယ်လို့ ဝန်ခံထားပါတယ်။
ဟွိုင်လန်းဟာ ပေါင် ၇၂ သန်း နဲ့ မန်ယူအသင်းကို ရောက်ရှိလာခဲ့ဖြစ်ပြီး ပြိုင်ပွဲစုံ ၅၂ ပွဲကစားကာ သွင်းဂိုး ၁၀ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။