အချိန်အခါမဟုတ် ကန်ဖော်ရောင်းချမှုကြောင့် ပုံမှန်မွေးမြူထုတ်လုပ်ရောင်းချမှု ကွင်းဆက် ပြတ်လပ်နိုင်တယ်လို့ ငါးလုပ်ငန်းလုပ်ကိုင်သူတွေပြောဆို


(စီးပွားရေး) ဩဂုတ် ၁၉

အချိန်အခါမဟုတ် ကန်ဖော်ရောင်းချမှုကြောင့် ပုံမှန်မွေးမြူထုတ်လုပ်ရောင်းချမှု ကွင်းဆက် ပြတ်လပ်နိုင်တဲ့အပြင် ရေရှည်မှာ ဝယ်ယူစားသုံးမှုကို ထိခိုက်နိုင်တယ်လို့ ငါးဈေးကွက်တစ်ခုဖြစ်တဲ့ တိုင်းဒေသကြီးမှာရှိတဲ့ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးက ငါးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ရေငန်ထွက်ကုန် စတင်ဝင်ရောက်ခဲ့တဲ့ ဇူလိုင်လပထမပတ်မတိုင်မီ ရေချိုထွက်ကုန်တွေ ဈေးကောင်းခဲ့ပြီး ဧရာဝတီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါးကန်တွေဟာ ဈေးကောင်းရရှိဖို့၊ ဆက်လက်မွေးမြူမှု အစာစရိတ် ချွေတာဖို့နဲ့ ရာသီဥတုကြောင့် ငါးကန်တွေပျက်စီးဆုံးရှုံးမှုကို ရှောင်ရှားလိုတာတွေကြောင့် အချိန်မရောက်မီ ငါးကန်တွေကိုဖော်ကြပြီး အရွယ်မတိုင်သေးတဲ့ငါးတွေကို ငါးဈေးကွက်ထဲကို ဝင်ရောက်ရောင်းချနေကြတာဖြစ်တယ်လို့ ငါးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ငါးဈေးကွက်ကို ဆိုဒ်သေးငါတွေ ဝင်ရောက်မှုများလာတာကြောင့် ပြည်ပပို့ကုန်ဆိုဒ်ကြီးမွေးမြူမှု ၂၀ ရာခိုင်နှုန်း ကျော်လျော့ကျလာတယ်လို့လည်း ဆိုကြပါတယ်။
အချိန်မတန်သေးပဲကန်တွေဖော်ကြတယ်။

ပြီးတော့ ၄၊ ၅ လက်မအရွယ် မျိုးငါးတွေ ပြန်လည်စိုက်ထည့်ကြတယ်။ မျိုးငါးပြန်ဝယ်မရတော့ ရတဲ့ဈေးနဲ့ ရတဲ့နေရာကနေဝယ်ရတော့ ဈေးနှုန်းမြင့်တက်လာတယ်။

ငါးမွေးမြူမှုလည်းလျော့ကျလာတယ်။ဒါက ငါးဈေးနှုန်းအမြင့်ဈေးမှာ ရပ်တန့်နေမှုကို ဖြစ်စေတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ ငါးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာရှိတဲ့ ရွှေပိတောက်ငါးဈေးကို ယခင်က တစ်ရက်ကို ရေထွက်ကုန်ပိဿာချိန် ငါးသိန်းဝင်ရောက်ခဲ့ရာကနေ ယခုအခါ ကုန်ချိန်သုံးသိန်းခန့်သာ ဝင်ရောက်နေတာကြောင့် ရင်းနှီးမတည်ငွေမြင့်မားလာသလို ကုန်ချိန် ၁၀၀ ရောင်းချရာကနေ ကုန်ချိန် ၃၀ ကို လျှော့ချရောင်းချနေရတယ်လို့လည်း သိရပါတယ်။

PAN