ဆွန်ဟောင်မင် ထွက်ခွာသွားပြီးနောက် စပါးအသင်းခေါင်းဆောင်ဖြစ်လာတဲ့ ခရစ္စတီယန် ရိုမဲရိုး ဟာ အသင်းနဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။
ရိုမဲရိုး ဟာ ၂၀၂၁ ခုနှစ်မှာ အတ္တလန်တာအသင်းကနေ ပြောင်းရွှေ့လာ ခဲ့ပြီး ကနဦးအငှားနဲ့ ကစားခဲ့ပါတယ်။

ရိုမဲရိုး ဟာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၁၂၆ ပွဲကစားကာ ရှစ်ဂိုး သွင်းယူ ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း ရိုမဲရိုး က အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ က ရီးရဲလ်အသင်းနဲ့ သတင်းထွက်ခဲ့ပြီး အခုနွေရာသီမှာ အက်သလက်တီကိုမက်ဒရစ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ရှိခဲ့ပါတယ်။
စပါးအသင်းနည်းပြသစ်ဖြစ်လာတဲ့ သောမတ်စ်ဖရန့်ခ် က အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ပြီးနောက် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
#PAN