
(အားကစား) ဩဂုတ် ၁၉
ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းက ကစားသမားသစ်တွေထပ်မံခေါ်ယူဖို့ အသင်းတာဝန်ရှိသူ တွေကို တိုက်တွန်းပြောကြားခဲ့ကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလ မှာ ထိပ်တန်းကစားသမားတွေထဲက လူးဝစ်ဒီယက်ဇ် တစ်ဦးကိုသာ ခေါ်ယူထားနိုင်သေးတာကြောင့် ဟာရီကိန်း က ထပ်ခေါ်ဖို့ တိုက်တွန်းခဲ့ခြင်း ဖြစ်ပါတယ်။
ဟာရီကိန်း က ရာသီကြိုကာလမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကစားသမားတချို့ ရှိနေပေမယ့် လုံလောက်မှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းကို အားဖြည့် နိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။