(ပြည်တွင်း) ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပင်းဘုရားကုန်းကျေးရွာ PDF သင်တန်းမှ သင်တန်းဆင်းလာသူ ၂ ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၊ ပင်းဘုရားကုန်းကျေးရွာရှိ PDF သင်တန်းမှ သင်တန်းဆင်းလာသူ ၁ ဦးရောက်ရှိနေကြောင်း သတင်းအရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ရာ နန်းဝေအောင်၊ (ဘ)ဦးသက်လွင်ဦး၊ သက် ၁၈ နှစ် နှင့် ၎င်း၏ရည်းစားဖြစ်သူ မခင်စိုးဦး၊ (ဘ)ဦးနိုင်ဦး၊ သက် ၁၉ နှစ်၊ အုတ်ရှစ်ကုန်းကျေးရွာနေသူ ၂ ဦးတို့အား အိမ်မှာရှိနေစဥ် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် PDF သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့အရပ်သား ပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်အတွက် ၎င်းတို့နှင့် အယူအဆအမြင်မတူသူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက် သမားများက တုတ်၊ ဓား၊ သေနတ်များ အသုံးပြုကာ ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခြင်းများအား တရားဥပဒေမဲ့ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။