(ပြည်တွင်း) ဩဂုတ် ၁၄

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့(World Tourism Day) အထိမ်းအမှတ်အဖြစ် ဆောင်းပါးပြိုင်ပွဲကို ကျင်းပပြုလုပ် သွားမှာဖြစ်လို့ ဟိုတယ်နှင့်ခရီးသွားကဏ္ဍကို စိတ်ပါဝင်စားတဲ့ မြန်မာနိုင်ငံသားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ဖိတ်ခေါ်ထားပါတယ်။
အဆိုပါပြိုင်ပွဲမှာ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်ဖြစ်သော “Tourism and Transformation ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးဖို့၊ စဉ်ဆက်မပြတ်ဖော်ဆောင်စို့” ခေါင်းစဥ် အောက်မှ မြန်မာဘာသာဖြင့် ဆောင်းပါးရေးသား ရမည်ဖြစ်ပြီး စာမျက်နှာ (၅ မှ ၈ မျက်နှာအထိ) A4 စာရွက်တွင် Pyidaungsu Font Size 13 Line Spacing 1.5 ကိုအသုံးပြုရမည် ဖြစ်ပါတယ်။
ဆုကြေးများအနေနဲ့ ပထမဆု ၅၀၀,၀၀ဝ၊ ဒုတိယဆု ၄၀၀,၀၀ဝိ၊ တတိယဆု ၃၀၀,၀၀ဝနှင့် နှစ်သိမ့် ဆု ၁၀၀,၀၀ဝ (၇) ဆုတို့ကိုချီးမြှင့်သွားမှာဖြစ်ပါတယ်။
ဆောင်းပါးများကို လာမည့်စက်တင်ဘာလ ၅ ရက် နောက်ဆုံးထားကာ worldtourismday.moht@gmail.com သို့ ပေးပို့ရမှာဖြစ်ပါတယ်။ ဆောင်းပါးပေးပို့ရာမှာ အမည်၊ ဆက်သွယ်ရန်လိပ်စာ၊ အီးမေးလ်နှင့် ဖုန်းနံပါတ်တို့ကို ပြည့်စုံစွာဖော်ပြ၍ ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ကတိခံဝန်ချက်နှင့်အတူ ပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရုံးဖုန်း ၀၆၇-၃၄၀၆၁၀၄ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။
ပြိုင်ပွဲတွင်ရွေးချယ်ခံရသူများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Website: www.tourism. gov.mm/en/announcements, www.tourism.gov.mm/mm/announceme တို့မှာ ကြေညာပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားမှာ ဆုများကိုချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။