(မှုခင်း) သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်၊ ဦးပိန်ကန်ပတ်လမ်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်၌ အမှတ် ၁/၂ အစုန်ရထားနှင့် အိမ်စီးကားတို့တိုက်မိရာ မော်တော်ယာဥ်ပေါ် လိုက်ပါလာသူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ရန်ကုန်-မန္တလေး ရထားလမ်းပေါ်၌ မြောက်မှတောင်သို့(မန္တလေးမှရန်ကုန်သို့)ထွက်ခွာလာသော အမှတ် ၁/၂ အစုန်ရထားနှင့် အရှေ့မှအနောက်သို့ ယာဥ်မောင်း ဦးဇော်မင်း၊ ၅၆ နှစ်၊ (ဘ)ဦးသိန်းဆွေ မောင်းနှင်လာသည့် MDY-14/5J/6516၊NISSAN MARCH တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ မော်တော်ယာဥ်ပေါ်ပါလာသည့် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။
