အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO အား လက်ခံတွေ့ဆုံ


(ပြည်တွင်း) ဩဂုတ် ၁၂

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ (International Organization for Migration-IOM) ၏ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO အား ဩဂုတ် ၁၁ ရက်နေ့ညနေပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံကြောင်း သိရသည်။

တွေ့ဆုံစဉ် IOM အနေဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်၍ အကူအညီများ ပေးအပ်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်လျက်ရှိသော IOM ၏ လုပ်ငန်းများ၊ မြန်မာအစိုးရနှင့် IOM တိုအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် ငလျင်ဘေးသင့်ပြည်သူများကို အရေးပေါ်အကူအညီပစ္စည်းများ ပေးအပ်ခဲ့သည့်အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ (IOM) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Daihei Mochizukiနှင့် လုပ်သား များရွှေ့ပြောင်းခြင်းနှင့် ရွှေ့ပြောင်းသွားလာသူများ အကာအကွယ်ပေးခြင်းဌာနမှ အစီအစဉ်မန်နေဂျာ Mr. Christos Dorian တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

PAN