သံရုံးလေးခုနှင့်ပူးပေါင်းကာ Pride of Myanmar Products and Global Connection Business Forum ကျင်းပခဲ့


(စီးပွားရေး) သြဂုတ် ၁၂

ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ နီပေါနဲ့ မလေးရှားသံရုံးများနဲ့ပူးပေါင်းကာ ပြည်တွင်းလုပ်ငန်းတွေနဲ့ ပြည်ပဆက်စပ်မှု ရှိတဲ့ လုပ်ငန်းပေါင်း ၆၀ ခန့် ပါဝင်တဲ့ Pride of Myanmar Products and Global Connection Business Forum ကို ရန်ကုန်မြို့ရှိ The Eravati Sule Grand Hotel မှာ ဩဂုတ်လ ၉ ရက်ကနေ ၁၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်ပေးနိုင်မယ့် မြန်မာ့ပြည်တွင်း အမှတ်တံဆိပ်များအား အခွင့်အလမ်းကောင်းရရှိစေရန် ရည်ရွယ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

အဆိုပါပြပွဲမှာ မြန်မာနိုင်ငံဆိုင်ရာဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ မြန်မာ့ယဥ်‌ကျေးမှု အမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များရဲ့ ပြခန်းများ ပါဝင်ပြသခဲ့ပြီး ပြည်တွင်းပြခန်း ၄၀ နဲ့ ပြည်ပပြခန်း ၂၀ ဝန်းကျင်ခန့် ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ၎င်းပြပွဲမှာ သနပ်ခါးလိမ်းခြယ်တဲ့ ယဉ်ကျေးမှုကိုဖော်ညွှန်းတဲ့ ကမ်ပိန်းလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

PAN