(ပြည်တွင်း) ဩဂုတ် ၁၁

အာမခံထားရှိသည့် ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုများကြောင့် အာမခံအကျုံးဝင်ဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက တင်ပြတောင်းခံနိုင်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရပါတယ်။
မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ အာမခံလျော်ကြေး အမြန်ဆုံးရရှိရေးကို စိစစ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လမှစတင်ကာ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး မြစ်ရေတိုးလာမှုနှင့်အတူ မြို့ပေါင်း ၁၀ မြို့ထက် မနည်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် အာမခံထားသူအနေနဲ့ မီးအာမခံယူထားပါက သဘာဝဘေး ၁၁ မျိုးအတွက်ပါထည့်ပြီး အာမခံ ယူလို့ရကြောင်း သိရပါတယ်။ အဆိုပါ သဘာဝဘေး ၁၁ မျိုးထဲမှာ ငလျင်၊ ရေကြီးခြင်း အစရှိသည်တို့ ပါဝင်ပြီး အာမခံ ရယူထားပြီး သဘာဝဘေးဆုံးရှုံးမှုများကြုံလာပါက အာမခံလျော်ကြေးပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရပါတယ်။