(ပြည်တွင်း) ဩဂုတ် ၁၀

ကလိုယော်လေး ဒေသမှာရှိတ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ တပ်မဟာ (၇) ဌာနချုပ်အနီးတစ်ဝိုက်ကို တပ်မတော်ရဲ့ Y12 ဗုံးကြဲလေယာဥ်က ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ ည ၇ နာရီ ၄၇ မိနစ်အချိန်ကစတင်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ည ၇ နာရီ ၄၇ မိနစ်နှင့် စ၍ ည ၈ နာရီ ၁၀ မိနစ်ထိ Y12 လေယာဉ်ဖြင့် ၆ ကြိမ် ဗုံး အလုံး ၂၀ ကြဲချ တိုက်ခိုက်ခဲ့သည်ဟု KNU ၏ လော်ဘီမီဒီယာတစ်ခုဖြစ်သည့် KIC မှ ပြောဆိုထားပြီး ဗုံးကြတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်တစ်ချို့ ထိခိုက်ပျက်စီးမှုရှိပြီး လူငယ်တစ်ဦး မစိုးရိမ် ဒဏ်ရာရရှိ ခဲ့သည်ဟု ရေးသားထားသည်။

ဗုံကြဲခံရမှုကြောင့် အသေအဆုံးများစွာရှိနေပြီး ဗုံးကြဲချိန်တွင် တပ်မဟာ (၇) ဌာနချုပ်အတွင်း၌ KNU လော်ဘီမီဒီယာသမားများလည်း ရှိနေသည်ဟုလည်း ပြောဆိုထားသည်။
#PAN