(မှုခင်း) သြဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် လသာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ Yangon Tanlwin Hotel ပထမထပ်ရှိ “နယူးပါတီ KTV ” တွင် ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ ည ရက်နေ့ ၃ နာရီ အချိန်ခန့်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွါးကြောင်း သိရသည်။
Yangon Tanlwin Hotel ပထမထပ်ရှိ “နယူးပါတီ KTV ” အတွင်းရှိ အခန်း အမှတ် (N-02) အခန်းအတွင်း ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုတွင် အသက် ၅၀ ဝန်းကျင်အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ဝဲဘက်နားထင်တွင် ကျည်ဖောက်ဝင် ဒဏ်ရာတွေ့ရှိရပြီး အခန်းအတွင်းတွေ့ရှိရသော ယာဉ်မောင်းလိုင်စင်အရ သေဆုံးသူမှာ ဦးအိုက်မြင့်(ခ)ဟော်ချွမ်းမြန်(၅၀)နှစ်ဖြစ်ပြီး ယင်းအခန်းအတွင်း၌ပင် 3032 TOMCAT-32 AUTO တံဆိပ်ပါ အမေရိကန်နိုင်ငံလုပ်၊ သေနတ်ကျည်ထည်အမှတ် 32 Auto DAA 490811 စာတမ်းပါ နီညိုရောင် ဖိုင်ဘာလက်ကိုင်တပ်လျက် ရွှေရောင်သေနတ်တစ်လက်၊ ၄င်းကျည်အိမ်(၁)ခု(A32 AUTO ကျည်ဆံ ၅ တောင့်ပါ၊ A 32 Auto ကျည်ခွံတစ်ခုတို့အား တွေရှိရကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေရေး လုံခြုံရေးပူးပေါင်းအဖွဲ့မှာ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#PAN