(စီးပွားရေး) ဩဂုတ် ၁၀

လက်ရှိဘဏ္ဍာနှစ် လေးလလတာကာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတို့တွင် အဓိကရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွင် အမေရိကန်ဒေါ်လာ ၁၁၈ ဒသမ ၆၉၉ သန်းကျော် ခွင့်ပြုပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ ထုတ်ပြန် ထားသည့် စာရင်းများအရ သိရပါတယ်။
ဧပြီလ၊ မေလ နှင့် ဇွန်လ သုံးလတာအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၄၀ ကျော် ခွင့်ပြုပေးနိုင်ခဲ့ပြီး ဇူလိုင်လ တစ်လတည်းတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၄၆ သန်းကျော်တန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၁ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခု၊ လျှပ်စစ်ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါးဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၇ သန်းကျော်အထိ ခွင့်ပြုပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၉၀ ဒသမ ၁၈၉ သန်း ခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
#PAN