(မှုခင်း) ဩဂုတ် ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ အလူးကျေးရွာအုပ်စု၊ အလူးကျေးရွာ၊ ရန်ကုန်- မော်လမြိုင် ကားလမ်းမပေါ်တွင်မောင်းနှင်လာသည့် တပ်မတော်ယာဥ်တန်းကို PDF အကြမ်းဖက် သောင်းကြမ်းသမားများမှ မိုင်းဆွဲတိုက်ခိုက်မှုခဲ့ကြောင်း သိရသည်။
တပ်မတော်ယာဉ်တန်း (၄)စီးကို သြဂုတ်လ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် KNUနဲ့PDF အကြမ်းဖက်သမားများမှ အလူးကျေးရွာအနီး လမ်း၏ဝဲဘက်ခြမ်း ရာဘာတောအတွင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်သည့်အချိန်တွင် အဆိုပါတပ်မတော်ယာဉ်တန်းနှင့် ကပ်၍ လိုက်ပါလာသည့် အရပ်ဘက် မော်တော်ယာဉ် FORLAND အမျိုးအစား အပြာရောင်ယာဉ်အား မောင်းနှင်လာသည့် ပေါင်မြို့နယ် ရင်းငြိမ်ကျေးရွာတွင်နေထိုင်သည့် ယာဉ်မောင်း စိုးမင်းထွန်း၏ ဝဲတင်ပါး ဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ယာဉ်တန်း၏ မျက်နှာချင်းဆိုင်ဘက်မှ စဉ့်ကိုင်မြို့နယ် နဘဲပင်ကျေးရွာမှာနေထိုင်သည့် ယာဉ်မောင်း ဇေယျာစိုး မောင်းနှင်လာသည့် ISUZU အမျိုးအစား ခဲရောင် (၂၂)ဘီးယာဉ်မှ ယာဉ်နောက်လိုက်ဖြစ်သူ ကုလား ဆိုသူ၏ ဝဲရင်အုံ ဖောက်ဝင်ဒဏ်ရာ (၁) ချက် ၊ ဝဲလက်ဖျံ ဖောက်ဝင်/ထွက် ဒဏ်ရာ (၁)ချက်ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းမော်တော်ယာဥ်များဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။
#PAN