“ဦး”တော်စပ်သူက တူမကို အလိုမတူပဲ သားမယားပြုကျင့်

(မှုခင်း) ဩဂုတ် ၈

ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ အပြင်ဘုတ်ချောင်းကျေးရွာမှာနေထိုင်တဲ့ ဦး…(၃၆)နှစ်၊နဲ့သမီးဖြစ်သူ မ….အား ဦးလေးတော်စပ်သူမှ မောင်ချို (၃၉)နှစ်မှ အလိုမတူပဲ သားမယားပြုကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြင်ဘုတ်ချောင်းကျေးရွာမှာနေထိုင်တဲ့ မ …… ဖေဖော်ဝါရီလက ဆတ်ကျွန်းကျေးရွာအုပ်စု၊ အတွင်းဘုတ်ချောင်းကျေးရွာမှာနေထိုင်တဲ့ အဒေါ်ဖြစ်သူရဲ့နေအိမ်ကို အလည်သွားရောက်နေထိုင်နေရာမှ ဩဂုတ်လ ၂ ရက်နေ့ကပြန်လည်ရောက်ရှိလာစဉ် သမီးဖြစ်သူမှာ မျက်နှာမကောင်းတာကြောင့် ဖခင်ဖြစ်သူက မေးမြန်းခဲ့ရာကနေ ဖြစ်စဉ်အား သိခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

မ….ဟာ အဒေါ်ဖြစ်သူ၏နေအိမ်ကို သွားရောက်နေထိုင်နေတဲ့ ဖေဖော်ဝါရီလကစလို့ အဒေါ်ဖြစ်သူရဲ့ ယောက်ကျား မောင်ချိုက အဒေါ်ဖြစ်သူမရှိတဲ့အချိန် နေအိမ်မှာ သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်ခံခဲ့ရတဲ့အတွက် ကိုယ်ဝန်ရှိနေပြီးဖြစ်တယ်လို့ပြောပြချက်အရ ကျန်းမာရေးစစ်ဆေးခဲ့ရာ မ…မှာ ကိုယ်ပန် (၃)လခန့်ရှိ နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အသက်မပြည့်သေးတဲ့ သမီးဖြစ်သူကို အလိုမတူဘဲ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့တဲ့ မောင်ချိုးကို ဥပဒေအရ အရေးယူ ပေးဖို့ ဦး…. က ရဲတပ်ဖွဲ့စခန်းကိုတိုင်တန်းချက်အရ အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူ မောင်ချိုအား (ပ) ၁၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အမှုကြီးအမှတ် စဉ်(၄/၂၀၂၅ )နဲ့ အမှုဖွင့်အရေးယူလျက်ရှိတယ်လို့ သိရပါတယ်။