အစ္စရေးအနေနဲ့ အန္တရာယ်များတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့တရုတ်ကိုယ်စားလှယ်က တိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်း

(နိုင်ငံတကာ) ဩဂုတ် ၈

ဩဂုတ်လ ၅ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပါလက်စတိုင်း-အစ္စရေးအရေးနဲ့ပတ်သက်တဲ့ တံခါးဖွင့်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ် က အစ္စရေးအနေနဲ့ အန္တရာယ်များတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဂါဇာမှာ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေတာဟာ နှစ်နှစ်နီးပါးရှိပြီဖြစ်ကာ ယခင်ကမရှိခဲ့ဖူးတဲ့ သေဆုံးမှုနဲ့ ပျက်စီးမှုတွေရှိခဲ့ပြီး ပါလက်စတိုင်း-အစ္စရေးနှစ်ဖက် အရပ်သားပြည်သူတွေအပေါ် မျှော်မှန်းဖို့ခက်ခဲတဲ့ နာကျင်မှုတွေ သယ်ဆောင်ပေးခဲ့တယ်လို့ ကိန်းစွမ် က ပြောပါတယ်။

စစ်ရေးနည်းလမ်းဟာ ပြဿနာကို ဖြေရှင်းတဲ့ ထွက်ပေါက်မဟုတ်ဘဲ ချက်ချင်းအပစ်ရပ်စဲမှုကသာ လူ့အသက်တွေကိုကယ်တင်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေ အိမ်ပြန်နိုင်စေတဲ့ မှန်ကန်တဲ့နည်းလမ်းဖြစ်သလို ရက်စက်တဲ့ လက်တွေ့ဖြစ်ရပ်မှန်က သက်သေထူနေပြီဖြစ်တယ်လို့ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။

အစ္စရေးဟာ စစ်ရေးတိုက်ခိုက်မှုကို အဆင့်မြှင့်တင်ပြီး ဂါဇာဒေသကို ဘက်စုံသိမ်းပိုက်ဖို့ ဆုံးဖြတ် လိုက်တယ်လို့ လတ်တလောကာလအတွင်း မီဒီယာတွေက သတင်းဖော်ပြခဲ့တာကြောင့် တရုတ်နိုင်ငံအနေနဲ့ အဲ့ဒီအပေါ် များစွာစိုးရိမ်ပူပန်တယ်လို့လည်း သူကဆိုပါတယ်။

အစ္စရေးဘက်က ခုလိုအန္တရာယ်များတဲ့လုပ်ရပ်ကို ချက်ချင်းရပ်တန့်ဖို့၊ ဘက်ပေါင်းစုံက ထိန်းချုပ်မှုအားရှိတဲ့၊ စဉ်ဆက်မပြတ်ဖြစ်တဲ့ အပစ်ရပ်ရေးသဘောတူညီချက်တွေကို ချက်ချင်းရရှိဖို့၊ သက်ဆိုင်သူတွေအပေါ် အဓိကဩဇာလွှမ်းမိုးမှုရှိတနဲ့ နိုင်ငံတွေက တရားမျှတပြီး တာဝန်ယူမှုရှိတဲ့ သဘောထားကို လက်ကိုင်ထားကာ အပစ်ရပ်ရေး တွန်းအားပေးဖို့အတွက် လက်တွေ့ကျတဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ တရုတ်နိုင်ငံအနေနဲ့ တိုက်တွန်းတယ်လို့လည်း ကိန်းစွမ် က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂါဇာဒေသရဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေဟာ စစ်ပွဲကြောင့် ထိခိုက်နစ်နာသူတွေ မဖြစ်သင့်သလို လူရဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ကပ်ဘေးရဲ့ နှိပ်စက်မှုကို ထပ်မံမခံစားရသင့်သလို၊ လက်ရှိမှာ အလွန်အမင်း ပိတ်ဆို့ခံထားရတဲ့ အကျပ်အတည်းအခြေအနေမှာ ဂါဇာဒေသ လူသားချင်းစာနာမှု ကပ်ဘေး ဟာ အဆက်မပြတ်ဆိုးရွားလာပြီး ပြင်းထန်သောငတ်မွတ်ခေါင်းပါးမှုမှာ မျက်စိရှေ့မှောက်ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကူညီရေးပစ္စည်းတွေဝင်ရောက်မှုကို ကန့်သတ်ခြင်းဟာ ဂါဇာဒေသပြည်သူတွေအပေါ် အစုအဖွဲ့လိုက် ပြစ်ဒဏ်ပေးမှုကို တစ်ဆင့်တိုးဆိုးရွားစေမှာဖြစ်ပြီး ကံကောင်းထောက်မစွာ အသက်ရှင်ကျန်တဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသူတွေကလည်း အသက်ရှင်နေထိုင်ဖို့ပစ္စည်းတွေရရှိဖို့ ပိုမိုခဲယဉ်းလာမှာဖြစ်လို့ အစ္စရေးအနေနဲ့ နိုင်ငံတကာဥပဒေကိုလိုက်နာကာ လူသားချင်းစာနာမှု အကူအညီပစ္စည်းတွေ ဝင်ရောက်မှုကို ဘက်စုံပြန်လည်ဖော်ဆောင်ပြီး ကုလသမဂ္ဂစတဲ့ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေ ကူညီမှုတွေကို ထောက်ခံအားပေးရမယ်လို့လည်း သူကဆိုပါတယ်။

နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း ဘက်စုံအကောင်အထည်ဖော်ခြင်း၊ ပါလက်စတိုင်း လွတ်လပ်သောနိုင်ငံ တည်ဆောက်ရေးဖော်ဆောင်ခြင်းဟာ ပါလက်စတိုင်းအရေးကိစ္စကို ဖြေရှင်းဖို့ တစ်ခုတည်းသော မှန်ကန်တဲ့ နည်းလမ်းဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်းကို အခြေခံကာ ထိပါးစေတဲ့ တစ်ဖက်သတ်လှုပ်ရှားမှုကို အတူတကွကန့်ကွက်ကာ နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း နိုင်ငံရေးလုပ်ငန်းစဉ် တွန်းအားပေးဖော်ဆောင်မှုကို အရှိန်မြှင့်တင်သင့်တယ်လို့လည်း ကိန်းစွမ် က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ဂါဇာဒေသစစ်မီးငြှိမ်းသတ်ဖို့၊ လူသားချင်းစာနာမှု ကပ်ဘေးပြေလျော့ဖို့နဲ့ နှစ်နိုင်ငံဖြေရှင်းရေးနည်းလမ်းအကောင်အထည်ဖော်ဖို့ တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်သလို ပါလက်စတိုင်းအရေးကိစ္စကို တရားမျှတစွာ၊ ဘက်စုံဖြေရှင်းရေးကို အကောင်အထည်ဖော်ဖို့ တွန်းအားပေးသွားမယ်လို့လည်းပြောကြားခဲ့တယလို့ သိရပါတယ်ရှင်။