
(ပြည်တွင်း) ဩဂုတ် ၈
ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ခန့်မှန်းငွေကျပ် ၂,၅၉၄ ဒသမ ၀၁၈ သန်းတန်ဖိုးရှိ သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်းအမျိုးအစား ၅၀ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရပါတယ်။
တရားမဝင်ကုန်စည်များ တင်ဆောင်လာတဲ့ မော်တော်ယာဉ်များအပါအဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၉၄ ဒသမ ၀၁၈ သန်း၏ ၂၀ ရာခိုင်နှုန်း(ငွေကျပ် ၅၁၈ ဒသမ ၈၀၄ သန်း)ကို သတင်းပေးတိုင်ကြားခဲ့တဲ့ တာဝန်သိပြည်သူများအား သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားပါတယ်။
ယခုအခါ သတင်းပေးတိုင်ကြားခဲ့တဲ့ တာဝန်သိပြည်သူများကို သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပြီး တာဝန်သိပြည်သူများအနေနဲ့ တရားမဝင်ကုန်သွယ်မှု သတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း – ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်းလည်း သိရပါတယ်။