(ပြည်တွင်း) သြဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာက ဒေသခံတွေဟာ တရားမျှတဲ့ရွေးကောက်ပွဲ ကျင်းပေးဖို့ ဩဂုတ် ၇ နံနက်ခင်းပိုင်းကတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ တောင်းဆိုချက်ထဲမှာတော့ ဆားလင်းကြီးမြို့နယ်အကြမ်းဖက်PDF အဖွဲ့တွေရဲ့ ဒလန်လို့ စွပ်စွဲသတ်ဖြတ်တာတွေ ၊ သွားလာမှုခက်ခဲအောင် လုပ်တာတွေနဲ့ ဒေသခံတွေရဲ့ဘဝ လုံခြုံမှုမရှိအောင်လုပ်ဆောင်နေတာတွေ ချက်ချင်းရပ်တန့်ပေးဖို့ ပသုံးလုံး ထွက်ခွာသွားဖို့တွေလည်း ပါဝင်နေပါတယ်။
ထန်းပုကျေးရွာကျေးရွာသူ ကျေးရွာသား ၅၀ ဦးခန့်ဟာ ဒေသတွင်းPDFအဖွဲ့တွေက ဒေသတွင်းပြည်သူတွေကို ခြိမ်းခြောက်သတ်ဖြတ်မှုများပြားလာတဲ့အတွက် တရားဥပဒေစိုးမိုးမှုရရှိဖို့နဲ့ တရားမျှတသော ရွေးကောက်ပွဲဖော်ဆောင်ပေးနိုင်ဖို့ အခုလိုဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။