
(ပြည်တွင်း) ဩဂုတ် ၈
မိုးကြီးရေလျှံမှုတွေကြောင့် ရေတိုက်စားမှုဖြစ်ပေါ်ကာ ကော့ကရိတ်မြို့ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၁ ရပ်ကွက်ကိုဆက်သွယ်ထားသည့် ချောင်းတောင်တံတားဟာ ဒီနေ့ ဩဂုတ် ၈ ရက်နေ့ မနက်ပိုင်းက ကျိုးကျသွားတယ်လို့ သိရပါတယ်။
ပွင့်လင်းညီညာတံတားကြီးလို့ခေါ်တဲ့ ချောင်းတောင်တံတားဟာ အမှတ် ၁ ရပ်ကွက်ဘက်ကိုပြိုကျသွားခဲ့တာဖြစ်လို့ ကား ဆိုင်ကယ်မပြင် ဒေသခံတွေပါ သွားလာလို့မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါတံတားကြီးဟာ ယခင်နှစ်ရေကြီးစဉ်ကမျောပါလာတဲ့ ကုက္ကိုလ်ပင်တွေနဲ့ထိခိုက်ခဲ့သလို အဲဒီရေကြီးစဉ်က ပိတ်ဆိုခဲ့တဲ့ သစ်ပင်တွေနဲ့ အမှိုက်တွေကြောင့် ရေတိုက်စားမှုဒဏ်ခံစားထားရတာဖြစ်လို့ အခုလိုကျိုးကျ ပျက်စီးစွားတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။