ယာယီသမ္မတကွယ်လွန်ခြင်းအတွက် “ဝ” က “ဝ” ပြည်အစိုးရဟုသုံးနှုန်းကာ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

(ပြည်တွင်း) ဩဂုတ် ၇

၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ၊ ၇ ရက်နေ့ မနက် ၈ နာရီ ၂၈ မိနစ်အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် ရောဂါဝေဒနာဖြင့် ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် လွန်စွာဝမ်းနည်းမိပါသည်ဟု UWSA ရဲ့သဝဏ်လွှာတွင် ပါရှိသည်။

ကျွန်ုပ်တို့“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ “ဝ”ပြည်နယ်အစိုးရ၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် ပြည်သူလူထုများအားလုံးမှ ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းမိ ပါကြောင်းနှင့် ယာယီသမ္မတ ဦးမြင့်ဆွေကောင်းရာသုဂတိလားပါစေကြောင်းဖြစ် သဝဏ်လွှာတွင် ရေးသားထားသည်။

#PAN