နိုင်ငံတော်အဆင့်ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလသတ်မှတ်

(ပြည်တွင်း) ဩဂုတ် ၇

ယာယီသမ္မတ ဦးမြင့်ဆွေသည် ဩဂုတ် ၇ နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့သည့်အတွက် ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇ ရက်မှ ၁၁ ရက်နေ့အထိ ကာလကို နိုင်ငံတော်အဆင့်ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလအဖြစ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ကြေညာထားသည်။

နိုင်ငံတော်အဆင့်ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံ အား တိုင်ဝက် လျှော့ချ၍ လွင့်ထူသွားကြ ရန် ညွှန်ကြားထားရှိကြောင်း ထုတ်ပြန်ထားသည်။

#PAN