
(နိုင်ငံတကာ) ဩဂုတ် ၇
ဂျပန်နိုင်ငံရဲ့ နှစ်ရှည်ကလေးမွေးဖွားနှုန်းဟာ ၂၀၂၄ ခုနှစ်မှာ ၉ သိန်းကျော်အထိ စံချိန်တင်ကျဆင်းသွားတယ်လို့ ဂျပန်နိုင်ငံရဲ့တရားဝင်အချက်အလက်တွေက ဖော်ပြနေပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံအများအပြားမှာ ကလေးမွေးဖွားမှုနှုန်းနိမ့်ကျဖို့ ရုန်းကန်နေရပေမယ့် ဂျပန်နိုင်ငံမှာကတော့ လူဦးရေနှစ်ပေါင်းများစွာ ကျဆင်းနေတဲ့ ပြဿနာနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှီဂေးရူ အီရှီဘာ ကတော့ ဒီအခြေအနေကို “တိတ်ဆိတ်သော အရေးပေါ်အခြေအနေ” လို့ ခေါ်ဆိုခဲ့ပြီး ဒီအခြေအနေကနေ လမ်းကြောင်းပြောင်းလဲအောင် ကြိုးစားဖို့နဲ့ မိသားစုအတွက်အဆင်ပြေစေမယ့် အလုပ်ချိန်တွေနဲ့ နေ့စဥ် အခမဲ့စောင့်ရှောက်မှုတွေလို မိသားစုနဲ့ အဆင်ပြေတဲ့အစီအမံတွေကိုဆောင်ရွက်ဖို့ ကတိပြုထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ဂျပန်ဦးရေ ၉ သိန်း ၈သောင်းကျော် ဒါမှမဟုတ် ၀.၇၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပြီး ၁၂၀ ဒသမ ၆၅ သန်းသို့ ကျဆင်းခဲ့တယ်လို့သိရပြီး ၁၉၆၈ ခုနှစ်က စစ်တမ်းစတင်ပြီးနောက် ၁၆ နှစ်ဆက်တိုက်ကျဆင်းမှုတွေဖြစ်ပွားခဲ့လို့ အကြီးမားဆုံးကျဆင်းမှုဖြစ်တယ်လို့ ပြည်တွင်းရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ နိုင်ငံခြားသား ၃.၆၇ သန်းရှိပြီး ဂျပန်နိုင်ငံလူဦးရေ ၁၂၄.၃ သန်းကျော်ရှိရဲ့ သုံးရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုထားတယ်လို့လည်း ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ နိုင်ငံရဲ့စုစုပေါင်းလူဦးရေဟာ ၀.၄၄ ရာခိုင်နှုန်းကိုကျဆင်းခဲ့တယ်လို့လည်း ပြောပါတယ်။
အခုလို ကိန်းဂဏန်းတွေထွက်ပေါ်လာတာဟာ ငွေကြေးဖောင်းပွမှုတွေပေါ်ပေါက်လာချိန်မှာ အစိုးရကနိမ့်ကျနေတဲ့ ကလေးမွေးဖွားနှုန်းကို မြှင့်တင်ဖို့ ရုန်းကန်နေချိန်နဲ့လည်း တိုက်ဆိုင်နေတယ်လို့ သိရပါတယ်။