မြန်မာပလာဇာကားပါကင်၌ အမျိုးသမီးတစ်ဦး အမျိုးသားနှစ်ဦးမှ ဓားဖြင့်ထိုးသတ်

(မှုခင်း) သြဂုတ် ၅

ရန်ကုန်မြို့တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာစျေးဝယ်စင်တာ ကားရပ်နားရာနေရာတွင် အမျိုးသမီးတဦး ဓားဖြင့်ထိုးခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က မြန်မာပလာဇာစျေးဝယ်စင်တာရှိ ကားပါကင် တွင် အသက် ၅၉ နှစ်အရွယ်ရှိ ဒေါ်စမ်းစမ်းအေးဆိုသူအမျိုးသမီးတဦးအား အမျိုးသားနှစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။သည်။

အဆိုပါ အမျိုးသမီးအား ဆေးရုံသို့ပို့ဆောင်စဉ် သွေးထွက်လွန်ကာသေဆုံးခဲ့ပြီး အဖော်ပါလူသူ  အမျိုးသားတဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ သေဆုံးသူအမျိုးသမီးမှာ တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်တွင်နေထိုင်သူဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ကြောင်း  သိရသည်။