(ပြည်တွင်း) သြဂုတ် ၆

၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နီကာရာဂွါသမ္မတနိုင်ငံတို့အကြားသံတမန်ဆက်ဆံရေးထူထောင်သည့် (၅)နှစ်ပြည့်အထိမ်းအမှတ် အခါသမယတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီကာရာဂွါသမ္မတနိုင်ငံ၊ ပူးတွဲသမ္မတများဖြစ်ကြသည့် မစ္စတာ ဒန်နီရယ်အော်တီဂါ ဆာဗေဒရာနှင့်မစ္စရိုဆာရီယို မူရီလိုတို့သည် ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အပြန်အလှန် ပေးပို့ခဲ့ ကြကြောင်း သိရသည်။
#PAN