
(မှုခင်း) သြဂုတ် ၄
ယမန်နေ့နံနက်၈နာရီကျော်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စံပြဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်းရှိ ကားဂိတ်အနီးတွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူတစ်ဦးအား စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
ယမန်နေ့နံနက်၈နာရီကျော်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဂျိုးဖြူလမ်းရှိ ကားဂိတ်အနီးတွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ အောင်သူရဟိဏ်း အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၂.၀၀၉ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၀၃.၁၅ သိန်း)၊ ကက်တမင်း အလေးချိန် ၄၀ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်ပြီး ဖမ်းမိတရားခံ အောင်သူရဟိဏ်း(၂၇)နှစ်အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။