MLWC 10th Anniversary မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် အီရန်လက်ဝှေ့သမား ကေဝမ်းတို့ ယှဉ်ပြိုင်ထိုးသတ်မည်

(အားကစား) ဩဂုတ် ၂

Myanmar Lethwei World Championship ရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ဖြစ်တဲ့ MLWC 10th Anniversary မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာလက်ဝှေ့သမား ထွန်းထွန်းမင်းနှင့် အီရန်လက်ဝှေ့သမား ကေဝမ်း တို့ ယှဉ်ပြိုင်ထိုးသတ်သွား မည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါပြိုင်ပွဲတွင် MLWC 10th Anniversary မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ကီလို ၈၀ တန်း ငါးချီစိန်ခေါ်အဖြစ်ထွန်းထွန်းမင်း နှင့် ကေဝမ်းတို့ပွဲစဉ်က ပြိုင်ပွဲရဲ့ အဓိကခေါင်းပွဲအဖြစ်ထိုးသတ်မှာဖြစ်ပါတယ်။

ဒါ့အပြင် ၆၆ ကီလိုတန်း ငါးချီစိန်ခေါ်ပွဲစဉ်အဖြစ် မြန်မာနိုင်ငံမှ စူပါရေချမ်း နှင့် အမေရိကန်ဖိုက်တာ မာ့ခ်အန် တန်ဘတ်၊ ၆၄ ကီလိုတန်း ငါးချီစိန် ခေါ်ပွဲစဉ်အဖြစ် ထွန်းမင်းနိုင်နှင့် ကမ္ဘောဒီးယားဖိုက်တာ ဖန်ခဲရင်၊ ပြည်တွင်း တွဲဆိုင်း‌များအဖြစ် စောမင်းမင်းနှင့် သွေးသစ်မောင်၊ နိုင်ဝင်းထွန်းနှင့် သက်ဝင်းအောင်၊ သိန်းစိုးနှင့် ဆလိုင်းထန်ဦးရှိန် ထိုးသတ်သွားမည်ဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲကို လာမည့် ဩဂုတ်လ ၁၇ ရက် မွန်းလွဲ ၂ နာရီမှာ ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံတွင် ကျင်းပ သွားမည်ဖြစ်ပြီး လက်မှတ်ခများအဖြစ် ငွေကျပ် ၁၅,၀၀ဝ၊ ၃၀,၀၀၀၊ ၅၀,၀၀၀နှင့် ၁၀၀,၀၀၀ သတ်မှတ်ထားကာ Skynet ရုပ်သံလိုင်းမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် –

#PAN