စီးပွားရေးပညာရပ်ဆိုင်ရာသင်တန်းများကို အွန်လိုင်းကနေ ဖွင့်လှစ်သင်ကြားပေးမည်

(ပြည်တွင်း) ဩဂုတ် ၂

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှာ Business Management နှင့် Digital Marketing သတင်းများကို အွန်လိုင်းကနေ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

သင်တန်းက‌နေ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Entrepreneurship and Business Management – CEBM)နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စျေးကွက်ဖော်ဆောင်မှု နှင့် ဆန်းသစ်တီထွင်မှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Digital Marketing and Innovation – CDMI) ပေးအပ်သွားမှာဖြစ်ပါတယ်။

အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းကြေးမှာ ၁ သိန်း ကျပ် သတ်မှတ်ထားကြောင်း သိရပါတယ်။

သင်တန်းကာလအနေနဲ့ ၃ လ သတ်မှတ်ထားပြီး အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တို့မှာ နံနက် ၉ နာရီမှ ၁၂ နာရီအထိ သင်ကြားပေးသွားများဖြစ်ပါတယ်။

သက်ဆိုင်ရာ အွန်လိုင်းလျှောက်လွှာများကို အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပြီး ဩဂုတ်လ ၁၂ ရက်နောက်ဆုံးထား လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

#PAN