
(ပြည်တွင်း) ဩဂုတ် ၁
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ဖွင့်လှစ်ပေးပြီဖြစ်ကာ UID (စမတ်ကတ်)လုပ်ဆောင်ရမည့် ရုံးလုပ်ငန်းစဥ်များကို ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့နှင့် သီပေါမြို့ လဝကယာယီရုံးခွဲများကိုလည်း နောင်ချိုမြို့၊ မီးပွိုင့်အနီး၊ စျေးရပ်ကွက် ဓမ္မာရုံမှာ ဖွင့်လှစ်ထားပြီး ရုံးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၏ လမ်းပန်းဆက်သွယ်ရေးအခြေအနေမှာ မန္တလေး – ပြင်ဦးလွင် – နောင်ချို – ရပ်စောက် – ကျောက်ဂူ – နမ့်လန် – လားရှိုး လမ်းအတိုင်း သွားလာလို့ရပြီဖြစ်တာကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာကြောင်း သိရပါတယ်။
မြန်မာ့တပ်မတော်က နောင်ချိုမြို့ကို ပြန်လည်သိမ်းယူပြီးနောက် လက်ရှိဒေသတွင်း အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းများလည်း စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။