စစ်ကိုင်းမြို့နယ်တွင် မီးလောင်ဖြစ်ပွား

(မှုခင်း) ဩဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ၂၂လမ်းနှင့် ၂၅လမ်းထောင့်တွင် ဇူလိုင် ၃၁ရက်နေ့ ၂၂ ၀၀ အချိန်ခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။

မီးလောင်မှုနေရာသို့ စစ်ကိုင်းတိုင်းအတွင်းရှိ မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ ၂၃ ၀၀အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှုကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။