


(မှုခင်း) ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့နယ်၊ ဇီးတော-ဒဟတ်သွား ကျေးရွာချင်းဆက်မြေသားလမ်းပေါ်တွင် ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မော်ယာဉ်တစ်စီးမှာ ရပ်တံ့ပေးခြင်းမရှိပဲ အပြင်းမောင်းနှင်သွားရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မောင်းနှင်ထွက်ပြေးသွားသော မော်တော်ယာဉ်မှာ Hiace အမျိုးအစား ခဲရောင်မော်တော်ယာဉ် ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မသင်္ကာသဖြင့် အစစ်ဆေးခံရန် ရပ်တန့်ခိုင်းရာ အဆိုပါမော်တော်ယာဉ်မှာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးရာမှ တိမ်းမှောက်မှုဖြစ်ပေါ်ပွားပြီး ယာဥ်ပေါ်ပါ ပေါက်ကွဲစေတတ်သောပစ္စည်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ အကြမ်းဖက်PDFအဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ၎င်းမော်တော်ယာဥ်မှာ ဆားတောင်ဘက်မှ ဇီးတောဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်PDFအဖွဲ့၏မော်တော်ယာဥ်ဖြစ်ကြောင်း သိရသည်။