(ပြည်တွင်း) ဇူလိုင် ၂၆

ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ပြိုကျပျက်စီးခဲ့သော Sky Villa အဆောက်အဦ A အဆောင်အား ရှင်းလင်းရာ အမျိုးသား တစ်ဦး၏ ရုပ်အလောင်း တွေ့ရှိရကြောင်း သိရသည်။

ယနေ့ နံနက်၁၁နာရီအချိန်က Sky Villa အဆောက်အဦ A အဆောင်အား Asiaworld ကုမ္ပဏီနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီပူးပေါင်း၍ ရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းရရှိသဖြင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် A အဆောင် (၄)လွှာ၊ အခန်းအမှတ် F4 မှ အမျိုးသား(၁)ဦး၏ ရုပ်အလောင်းအား နံနက် ၁၁နာရီခွဲအချိန်တွင် ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းအား မြတ်သဒ္ဒါလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PAN