အိန္ဒိယသံရုံးနှင့် အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကျင်းပသည့် ” PHARMA CONNECT 2025 ” အခမ်းအနားနှင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်

(ပြည်တွင်း) ဇူလိုင် ၂၆

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်းတို့ ပူးပေါင်းကျင်းပသည့် ”PHARMA CONNECT 2025 ” အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းရှိ Pan Pacific ဟိုတယ်တွင် ဇူလိုင် လ ၂၅ ရက် ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အခမ်းအနားတွင် ”Challenges and way forward in Myanmar’s Pharmaceutical Industry ” ခေါင်းစဉ်ဖြင့် ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍများမှ တာဝန်ရှိသူများပါဝင်သည့် စကားဝိုင်းဆွေးနွေးပွဲကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri. Abhay Thakur ၊ ၊ အိန္ဒိယ-မြန်မာကုန်သည်ကြီးများအသင်း(IMCC)မှ ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiva နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်တဲ့ ” Challenges and way forward in Myanmar’s Pharmaceutical Industry”ကို ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အိန္ဒိယ-မြန်မာကုန်သည်ကြီး များအသင်း (IMCC) မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။

#PAN