ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုကြောင့် ‌သစ်ပင်များပြိုလဲ

(ပြည်တွင်း) ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ဇေကမ္ဘာ(၁)လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားပျော့အိမှုကြောင့် ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် လုံးပတ်(၄)ပေ၊ အမြင့် (၃၀)ပေခန့်ရှိ ကုက္ကိုပင်(၂)ပင်လဲကျပြီး YGN-8၊(9J-2742) PROBOX အဖြူရောင်ယာဉ်ပေါ်သို့ ပိမိမှုဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါသစ်ပင်လဲကျမှုကို မြို့နယ်မီးသတ်စခန်းမှ ရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး လူထိခိုက် ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

အလားတူ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ ယမုံနာလမ်းမကြီးတွင်လည်း နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က လုံးပတ်(၃)ပေ၊ အမြင့် (၄၀)ပေခန့်ရှိ စိန်ပန်းပင်လဲကျခြင်းနှင့် လုံးပတ်(၃)ပေ၊ အမြင့်(၃၀)ပေခန့်ရှိ ကုက္ကိုပင်လဲကျခြင်းများ ဖြစ်ပွားခဲ့ပြီး မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များက ရှင်းလင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။