
(မှုခင်း) ဇူလိုင် ၂၅
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် သတင်းအရ မိုင်းဆတ်မြို့နယ်၊ မယ်ပုလုံကျေးရွာအုပ်စု၊ ဂျူးလုကျေးရွာအနီး၌စောင့်ဆိုင်းစဉ် မိုင်းတွမ်းကျေးရွာဘက်မှ မိုင်းဆတ်မြို့ဘက်သို့ ဆိုင်လူး မောင်းနှင်ပြီး ကျဝေ လိုက်ပါလာသော SHN-12 1S-xxxx ISUZU အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၈၀၀၀) ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများကို မိုင်းဆတ်မြို့နယ်၊ ဝမ်တုံကျေးရွာမှ မိုင်းတုံမြို့နယ်၊ မဲကင်းကျေးရွာအနီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရပြီး မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများအားဥပဒေနှင့်အညီ အရေးယူထားရှိ၍ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။