
********************
(မှု့ခင်း) ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး ၊မဟာအောင်မြေမြို့နယ်၊မဟာအောင်မြေအနောက်ရပ်ကွက်၊၈၅×၃၉ လမ်းထောင့်ရှိ ရွေနန်းသုခစိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင် ဓားမြတိုက် လုယက်ခံရကြောင်း သိရသည်။ယနေ့ ညနေ ၄နာရီအချိန်က ဒေါ်သင်းအိအိအောင် ပိုင်ဆိုင်သည့် ရွေနန်းသုခစိန်ရွှေရတနာ ရောင်းဝယ်ရေးဆိုင်အတွင်းသို့ ကျား ၆ဦးခန့် သည် Mask ကိုယ်စီဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ၁ချက်ပစ်ဖောက်၍ ဆိုင်အတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း၊ထိုသို့ သေ နတ်ဖောက်သဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဒေါ်စန္ဒီအောင်နှင့် ဝန်ထမ်းများမှ ဆိုင်အတွင်း ထွက်ပြေးစဥ် အပြေးမခံဘဲ ဆိုင်အတွင်း ပြန်ခေါ်၍ ထိုင်ခိုင်းထားကာ ဆိုင်အတွင်းရှိ စိန်ထည်နှင့်ရွှေထည်ပစ္စည်းများအား ပီနံအိတ်အတွင်း ထည့်ခိုင်းခဲ့သဖြင့် ဆိုင်ဝန်ထမ်းများမှ ထည့်ပေးခဲ့ရကြောင်း သိရသည်။
ဓါးပြတိုက်သူများမှ စိန်ထည်နှင့်ရွှေထည်ပစ္စည်းများအား ယူဆောင်ကာ ဆိုင်ရှိ CCTV အား ဖြုတ်ယူခဲ့ပြီး ဟွန်ဒါဖစ်အဖြူရောင် ၁စီး၊ဆိုင်ကယ် ၂စီးတို့ဖြင့် ၃၉လမ်းမှ ၈၆လမ်းဘက်သို့ ပြန်အထွက်တွင် ပစ္စတိုသေနတ်ဖြင့် ၄ချက်ခန့် ပစ်ခတ်ခဲ့ပြီး ၎င်းတို့တွင် ပါရှိလာသည့်ဓားဖြင့် လုံခြုံရေးဝန်ထမ်းအား ခုတ်ခြင်းများပြုလုပ်နေချိန် မန်းမြို့စျေးတွင် တာဝန်ကျသည့် လုံခြုံရေးတာဝန်ကျ အမှတ် (၇)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးသူများအား လိုက် လံ၍ ၎င်းတို့ကိုင်ဆောင်သော သေနတ်ဖြင့် ၉ချက်ခန့် လိုက်လံပစ်ခတ်ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ဖြစ်စဥ်ကြောင့် ဆိုင်လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးဝေမျိုးညွန့်၊၅၅နှစ်၊(ဘ)ရွှေထွန်း၊၃၅×၃၆ လမ်းကြား၊၇၇လမ်း နေသူတွင် ဝဲဘက်လက်ကောက် ဝတ် ပြတ်ရှဒဏ်ရာနှင့်လုံခြုံရေးဝန်ထမ်း ကိုဇော်လင်းနိုင်၊၂၄နှစ်၊(ဘ)ဦးဝင်းဌေး၊၃၉×၈၅ လမ်းထောင့်နေသူတွင် ဝဲဘက်ခြေသလုံး သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာတို့ အသီးသီး ရရှိခဲ့မှုကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သ်ရသည်။
ဓားပြတိုက်မှုဖြစ်စဥ်ကြောင့် ဆိုင်အတွင်းရှိ ကောင်တာ ၂ခုအတွင်း၌ ခင်းကျင်းထားသည့် စိန်နားကပ် ၁၄၄ရံ၊စိန်ဆွဲကြိုး ၁၇ကုံး၊စိန်ဆွဲသီး ၃၈ခု၊၁၅ပဲရည် ရွှေနားကပ် ၇ခု၊ရွှေဆွဲကြိုး ၂၃ကုံး၊ရွှေလက်စွပ် ၁၁ကွင်း၊ရွှေလက် ကောက် ၁ကွင်း၊ရွှေဟန်းချိန်း ၁ခု၊ရွှေကလစ် ၁ခု၊ရွှေခေါင်းစီးကြိုး ၁ခု၊၁၃ပဲရည် ရွှေနားကပ် ၄၄ရံ၊ရွှေဆွဲကြိုး ၈၉ကုံး၊ရွှေဆွဲသီး ၂၀ခု၊ရွှေလက်စွပ် ၇၃ခု၊ရွှေလက်ကောက် ၂၃ကွင်း၊ရွှေဟန်းချိန်း ၂ခုတို့ ပါရှိသွားကြောင်း သိရသည်။
အဆိုပါဆိုင်တွင် လုံခြုံ ရေးဝန်ထမ်း ၃ဦး၊ဆိုင်ဝန်ထမ်း ကျား ၁ဦး၊မ ၁၁ဦးနှင့် CCTV အပြင် ၂ လုံး၊ဆိုင်အတွင်း ၁၆ လုံးရှိကြောင်း၊ဖြစ်စဥ်နေရာသို့ ရဲတပ်ဖွဲ့တာဝန်ရှိသူများ ရောက်ရှိလာပြီး အသေးစိတ် စစ်ဆေးခြင်း၊ တရားခံဖမ်းဆီးရမိရေးအတွက် လမ်း ကြောင်းတစ်လျောက် CCTV များ စစ်ဆေးခြင်း၊ဆိုင်အတွင်းကျန်ရှိခဲ့သည့် ကျည်ခွံ ၃ခုနှင့် သက်သေခံ အထောက်အထားများ သိမ်းဆည်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။