
(ပြည်တွင်း) ဇူလိုင် ၂၄
ကျုံဒိုး – ကော့ကရိတ် အာရှလမ်းမကြီးကို တပ်မတော်က ဒီနေ့မနက်ပိုင်းမှာ ပြန်လည်စိုးမိုးထားလိုက်ပြီလို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
KNU လက်အောက်ခံ အယ်စေဝါး(လက်ပြတ်) သောင်းကျန်းသူအဖွဲ့က ကျုံဒိုး – ကော့ကရိတ်အာရှလမ်းကြီးကို ၃ လ ကျော်ကြာ လမ်းပိတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတာဖြစ်ပါတယ်။
အာရှလမ်းမကြီးကို ပိတ်ဆို့တိုက်ခိုက်နေတဲ့အကြမ်းဖက်သောင်းကျန်းသူတွေကို ဇူလိုင်၂၃ ရက် ရက်ညပိုင်းကစတင်ကာ တပ်မတော်စစ်ကြောင်းတွေက တန်ပြန်ထိုးစစ်တိုက်ခိုက်ခဲ့တာကြောင့် ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
သောင်းကျန်းသူတွေဟာ ကျုံဒိုး – ကော့ကရိတ်အာရှလမ်းကြီးရဲ့ ဗျူဟာမြောက်နေရာဖြစ်တဲ့ နွားခြံကုန်းကျေးရွာကနေ ကော့ဝါလဲ၊ ကော့ဝါလဲကတဆင့် နောင်တမံ ချောင်းကိုဖြတ်ပြီး အိဂလုံ ကနေ တောင်ကမ္မရိုက်ဘက်ကို ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ သိရပါတယ်။
KNU လက်အောက်ခံ အယ်စေဝါး(လက်ပြတ်) သောင်းကျန်းသူအဖွဲ့ဟာ ရိက္ခာ လက်နက်ခဲယမ်းပြတ်တောက်မှု၊ ထိခိုက်မှုများလာတာကြောင့် ဆုတ်ခွာသွားတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောဆိုထားပါတယ်။