အစ္စရေးနဲ့ စစ်ဖြစ်ဖို့ အသင့်ရှိနေတဲ့ အီရန်ဟာ နျူကလီးယား အစီအစဉ်ကို ရပ်တန့်မှာမဟုတ်သလို ယူရေနီယံ သန့်စင်ရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အီရန်သမ္မတ ပြောဆို

(နိုင်ငံတကာ) ဇူလိုင် ၂၃

 အစ္စရေးနဲ့ စစ်ဖြစ်ဖို့ အသင့်ရှိနေတဲ့ အီရန်ဟာ နျူကလီးယား အစီအစဉ်ကို ရပ်တန့်မှာမဟုတ်သလို ယူရေနီယံ သန့်စင်ရေး အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အီရန်သမ္မတက Al Jazeera နဲ့ပြုလုပ်တဲ့ သူ့ရဲ့ ပထမဆုံး ရုပ်မြင်သံကြားအင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။

အီရန်ဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အတွက် သူတို့ရဲ့ နျူကလီးယားအစီအစဉ်ကို ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် က အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ  အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ ဩ

“အစ္စရေးရဲ့ စစ်ရေးလှုပ်ရှားမှုသစ်အတွက် ကျွန်တော်တို့ အပြည့်အဝ ပြင်ဆင်ထားပြီး၊ ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက အစ္စရေးနိုင်ငံအတွင်း နက်ရှိုင်းစွာ ထပ်မံတိုက်ခိုက်ဖို့ အသင့်ရှိပါတယ်” ဟု မာဆော့ ပါဇက်ရှ်ကီရမ်  က Al Jazeera ကို ပြောကြားခဲ့ပါတယ်။

အီရန်ဟာ ၁၂ ရက်ကြာ စစ်ပွဲကို အဆုံးသတ်စေတဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် အားကိုးထားတာမရှိဘူးလို့လည်း  ပါဇက်ရှ်ကီရမ် ကပြောပါတယ်။

“အဲဒါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေနဲ့ တုံ့ပြန်မှုမှန်သမျှအတွက် ကျွန်တော်တို့ကိုယ်တိုင် ပြင်ဆင်ထားပါတယ်။ အစ္စရေးက ကျွန်တော်တို့ကို ဒုက္ခပေးခဲ့ပြီး ကျွန်တော်တို့လည်း ထိခိုက်ခဲ့ပါတယ်။ အဲဒါက ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန် ထိုးနှက်ချက်ပေးခဲ့ပြီး နက်နဲတဲ့ထိ ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့ပေမယ့် သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ဖုံးကွယ်ထားပါတယ်” လို့လည်း သူကဆိုပါတယ်။

အီရန်ဟာ နျူကလီးယားစွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတကာ ဆန့်ကျင်မှုတွေရှိနေပေမယ့်လည်း သူတို့ရဲ့ ယူရေနီယံ သန့်စင်ရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် က ပြောဆိုခဲ့ပါတယ်။