(ပြည်တွင်း) ဇူလိုင် ၂၃

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ UID နံပါတ်ရရှိရေး အထူးအစီအစဉ်တစ်ရပ်အဖြစ် ယနေ့(၂၃-၇-၂၀၂၅)ရက်မှစ၍ ပင်စင်လစာထုတ်ပေးသည့်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများက သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တိုချိတ်ဆက်၍ ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက် နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများက အငြိမ်းစားဝန်ထမ်းများ၏ Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် UID နံပါတ်ရရှိရေးအတွက် မြိုနယ်ဦးစီးမှူးရုံးများသို့ လာရောက်လျှောက်ထားဆောင်ရွက်မှုများ များပြားလျက်ရှိ နေသည့်အတွက် လုပ်ငန်းများအဆင်ပြေလွယ်ကူစေရန် အထူးအစီအစဉ်တစ်ရပ်အဖြစ် (၂၃-၇-၂၀၂၅) ရက်မှစ၍ ပင်စင်လစာထုတ်ပေးသည့်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများက သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်များသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်များ၌ One Stop Service ဖြင့် နေ့ချင်းပြီး အဆင်ပြေစွာဆောင်ရွက်ပေးမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် UID လျှောက်ထားရယူမှုအပေါ် စိုးရိမ်ပူပန်မှုမရှိဘဲ အဆင်ပြေလွယ်ကူစွာ သွားရောက်ဆောင်ရွက်နိုင်ကြောင်း အသိပေးထားသည်။
#လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
Telegram»…
https://t.me/positiveanglenews