
(မှုခင်း) ဇူလိုင် ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့က စက်သုံးဆီဆိုင်မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှုဟာ ဒီနေ့ ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မီးလောင်ခံရတဲ့အမျိုးသားဟာ အသက် ၂၀ ကျော်အရွယ်ရှိတဲ့ ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာများ ရရှိသွားသောကြောင့် ဆေးရုံတင်ထားရတယ်လို့လည်း သိရပါတယ်။
ဒီနေ့မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့တဲ့ စက်သုံးဆီဆိုင်လောင်ကျွမ်းမှုဟာ အချိန် ၃ နာရီကျော်ကြာမြင့်ခဲ့ပြီး လက်ရှိမှာတော့ ငြိမ်းသွားပြီဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ သိန္နီမြို့ကို ကိုးကန့်လက်နက်ကိုင် MNDAA က ထိန်းချုပ်ထားဆဲဖြစ်ပြီး လာမယ့် ဩဂုတ်လမှာ သိန္နီမြို့ကိုလက်လွှတ်ပေးရတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။