
(ပြည်တွင်း) ဇူလိုင် ၂၁
ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာတဲ့ ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ကုန်သင်္ဘောတစ်စီး ရန်ကုန်မြစ်ဝတွင် ဇူလိုင်လ ၁၉ ရက် မနက်ပိုင်းက နစ်မြုပ်ခဲ့ပါတယ်။
အဆိုပါကုန်သင်္ဘောက ကော့သောင်းမြို့မှ ရန်ကုန်မြို့အဝင် ရန်ကုန်မြစ်ဝရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင် အကွာ ပင်လယ်ပြင်မှာ မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
အခုလိုနစ်မြုပ်မှုကြောင့် တင်ဆောင်လာတဲ့ အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး တပ်မတော်(ရေ)နှင့် ကုန်တင်သင်္ဘောတစ်စင်းတို့က အချိန်မီလာရောက်ကူညီခဲ့ကြပါတယ်။
ဒါ့အပြင် သင်္ဘောသား များကို ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။