(နိုင်ငံတကာ) ဇူလိုင် ၂၀

ဂျပန်နိုင်ငံတွင် တနင်္ဂနွေနေ့က ကျင်းပခဲ့သော အထက်လွှတ်တော် ရွေးကောက်ပွဲရလဒ်များအရ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba ဦးဆောင်သော လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ၎င်း၏ မိတ်ဖက် Komeito တို့ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့သည် ၎င်းတို့၏ နေရာအများစုကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“နိုင်ငံခြားသားများ တိတ်ဆိတ်စွာ ကျူးကျော်ခြင်း”ကို သတိပေးခဲ့သော Sanseito ပါတီ အတွက်မူ စံချိန်တင်အောင်ပွဲဖြစ်ခဲ့ပြီး လွှတ်တော်အတွင်း ၁၄ နေရာအထိ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အမတ် ၂၄၈ နေရာရှိသော အထက်လွှတ်တော်တွင် ၄၇ နေရာသာ အနိုင်ရရှိခဲ့ပြီး အထက်လွှတ်တော်ကို ထိန်းချုပ်ထားနိုင်ရန် လိုအပ်သော နေရာ ၅၀ အနက် ၃ နေရာ လိုအပ်နေခြင်းဖြစ်သည်။ ယခုရလဒ်သည် ဝန်ကြီးချုပ် အီရှီဘာအတွက် နောက်ထပ်ရိုက်ခတ်မှုတစ်ခုဖြစ်သော်လည်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေမည်ဟု ၎င်းကဆိုသည်။
ယခင်က ပါတီအသေးအဖြစ် သတ်မှတ်ခံရသည့် Sanseito ပါတီသည် ယခုအခါ နိုင်ငံရေး ပင်မရေစီးကြောင်းထဲသို့ ဝင်ရောက်လာခဲ့ပြီး ၎င်းတို့၏ လက်ရှိ ၁ နေရာမှ ၁၄ နေရာအထိ တိုးမြှင့်ရယူနိုင်ခဲ့သည်။
၎င်းတို့၏ အောင်မြင်မှုသည် ဂျပန်နိုင်ငံတွင် မြင့်တက်လာနေသော လူနေမှုစရိတ်၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးအခြေအနေ ဆိုးရွားလာမှုများအပေါ် မကျေနပ်မှုများကြောင့်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြသည်။
Sanseito ပါတီသည် အခွန်လျှော့ချခြင်း၊ လူမှုဖူလုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် လူဝင်မှုကြီးကြပ်ရေးဆန့်ကျင်ရေး ကတိကဝတ်များဖြင့် မဲဆွယ်စည်းရုံးခဲ့ပြီး ပါတီ၏ ခေါင်းဆောင် Sohei Kamiya က သူ၏ “Japanese First” ဆောင်ပုဒ် ဟာ “ဂလိုဘယ်ဝါဒကို တွန်းလှန်ခြင်းဖြင့် ဂျပန်လူမျိုးများ၏ အသက်မွေးဝမ်းကြောင်းကို ပြန်လည်တည်ဆောက်ခြင်း”ကို ရည်ညွှန်းသည်ဟု ပြောကြားခဲ့သည်။
၎င်းသည် နိုင်ငံခြားသားများကို လုံးဝတားမြစ်ခြင်း သို့မဟုတ် ဂျပန်မှ ထွက်သွားစေခြင်းကို မဆိုလိုကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
Telegram»…
https://t.me/positiveanglenews