(ပြည်တွင်း) ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည် ရဲကင်းစခန်းနှင့် အ.ထ.က ပြင်စည်ကျောင်းအတွင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့(ဇူလိုင် ၂၀ ရက်) နံနက် ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် TNLA၊ MDY PDF ပူးပေါင်းအဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရဲကင်းစခန်းနှင့် အ.ထ.က ပြင်စည်ကျောင်းအတွင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ အား TNLA၊ MDY PDF ပူးပေါင်းအဖွဲ့များက ပြင်စည် ရဲကင်းစခန်း၏အနောက်ဘက် ၃ ဖာလုံခန့် အကွာမှလည်းကောင်း၊ အ.ထ.က(ပြင်စည်)၏အနောက်ဘက် ၂ ဖာလုံခန့်ရှိ ပြင်စည် သင်္ချိုင်းကုန်းဘက်မှလည်းကောင်း လက်နက်ကြီးဖြင့် ၄ လုံးခန့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ၁ လုံးမှာ ပြင်စည်ကျေးရွာနေ ဦးသောင်းညွန့်(စိစစ်ဆဲ)နေအိမ်ပေါ် သို့ ကျရောက် ပေါက်ကွဲခဲ့ရာ လက်နက်ကြီးဗုံးစသည် ဦးသောင်းညွန့်၏ နေအိမ်အရှေ့ဘက်တွင် နေထိုင်သည့် ဒေါ်ညွှန့်စိန်(စိစစ်ဆဲ)နှင့် ၎င်း၏မြေးဖြစ်သူ မဝေသဇင်ဦး တို့အား ဗုံးစလွှင့်စင် ထိမှန်ခဲ့ရာ မဝေသဇင်ဦးတွင် ဦးခေါင်း ဗုံးစထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်ညွန့်စိန်တွင် ယာဘက်လက် စုတ်ပြတ်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိသည်။

အဆိုပါ ဖြစ်စဉကြောင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ အရေးပေါ်နှင့်ပြင်ပလူနာဌာနသို့ ဦးလှိုင်မြင့်၊ ၅၉ နှစ်၊ (ဘ)ဦးသန်းရှိန်၊ တောင်သူ၊ မြကန်သာကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား ဝဲ-ဂျိုစောင်း ပြတ်ရှဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ မဧကရီဖြိုး၊ ၉ နှစ်၊(ဘ)ဦးနေလင်း၊ G-4(မြကန်သာ-အ.ထ.က)၊ မြကန်သာကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်ခင်မှတ်၊ ၇၈ နှစ်၊ (ဘ)ဦးပု၊ မှီခို၊ မြကန်သာကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား ယာဘက်နံရိုး ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)၊ ဦးစိုးညွန့်၊ ၆၄ နှစ်၊ (ဘ)ဦးအိုက်စံ၊ ကျဘန်း၊ ဝသုန္ဒရကျေးရွာ၊ မတ္တရာမြို့နယ်နေသူအား ယာဘက်ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ မအိအိထွေး၊ ၂၂ နှစ်၊ (ဘ)ဦးစိုးမင်းလွင်၊ မြကန်သာကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား ဝမ်းဗိုက်ထိမှန်ဒဏ်ရာဖြင့် သေဆုံးလျက်ရောက်ရှိလာ ကြောင်းသိရပြီး၊ တိုက်ပွဲဖြစ်ပွားနေမှကြောင့် ဒေသခံများ မန္တလေးဘက်သို့ တိမ်းရှောင်လာကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာ လှုပ်ရှားနေသည့်နေရာများ၌ မိုင်းထောင် ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် နိုင်ငံ့ဝန်ထမ်း နှင့် မိသားစုဝင်များထိခိုက်ဒဏ်ရာ ရရှိမှုအပေါ် ဒေသခံပြည်သူများက လုံးဝ လက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက် လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သောလုံခြုံရေးလုပ်ငန်းများ ကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews