(၄)ကြိမ်မြောက်ကျင်းပမည့် အာဖရိကဒေသကုန်သွယ်မှုပြပွဲတွင် ပါဝင်လိုသည့် မြန်မာလုပ်ငန်းရှင်များကို ဖိတ်ခေါ်


(စီးပွားရေး) ဇူလိုင် ၁၉

အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံကျော် တန်ဖိုးရှိ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုသွားမည့် အာဖရိကဒေသကုန်သွယ်မှုပြပွဲကို (၄)ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။

(၄)ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲကို အာဖရိကဒေသကုန်သွယ်မှုပြပွဲ အကြံပေးကောင်စီ(IATF Advisory Council)၊ အာဖရိကသွင်းကုန်ထုတ်ကုန် ဘဏ်(African Export-Import Bank-Afreximbank)၊ အာဖရိက တိုက် လွတ်လပ်စွာကုန်သွယ်ရေးဒေသ (African Continental free Trade AreaAFCFTA) အတွင်းရေးမှူးချုပ်ရုံး၊ အာဖရိကသမဂ္ဂ(African UnionAU)တို့နဲ့ ပူးပေါင်းပြီး စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်အထိ အယ်လ်ဂျီးရီးယားနိုင်ငံ၊ အယ်လ်ဂျီယာစ်မြို့တွင် ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် လူဦးရေ ၁.၄ ဘီလီယံ ကျော်နှင့် GDP အမေရိကန်ဒေါ်လာ ၃.၅ ထရီလီယံကျော်ရှိသော အာဖရိက၏ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်း များကို ပြသပေးနိုင်မည်ဖြစ်ကြောင်း၊ Gateway to New Opportunities ခေါင်းစဉ်ဖြင့်ကျင်းပမည့်ပြပွဲသို့ နိုင်ငံပေါင်း ၁၄၀ မှ ပါဝင်ပြသသူပေါင်း ၂,၀၀၀ ကျော်ခန့် အား ဖိတ်ခေါ်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံကျော်တန်ဖိုးရှိ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုသွား မည်ဖြစ်ကြောင်း၊ ပြပွဲတွင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းများကို ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်း၊ မော်တော်ယာဉ်၊ အထည်အလိပ်လုပ်ငန်း၊ ဆောက်လုပ် ရေး၊ စားသုံးကုန်များ၊ ပညာရေး၊ စွမ်းအင်နှင့်လျှပ်စစ်၊ အင်ဂျင်နီယာပိုင်းဆိုင်ရာများ၊ ဆေးဝါးလုပ်ငန်း၊ ငွေကြေးစီးဆင်းမှု ဆိုင်ရာလုပ်ငန်း၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၊ ထောက်ပံ့အုပ်ချုပ်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ သတ္ထုတူးဖော်ရေး၊ လေကြောင်းနှင့်ခရီးသွားလာရေးလုပ်ငန်းနှင့် လူငယ်များမှဦးစီးသည့် ထွန်းသစ်စစီးပွားရေး လုပ်ငန်းများ ပါဝင်နိုင်ရန်ရည်ရွယ်ထားကြောင်း သိရသည်။

ပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၊ ဝယ်လက်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN