(ပြည်တွင်း) ဇူလိုင် ၁၈
ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်က အင်အားအနည်းငယ်သာရှိတဲ့ လက်ဆည်ရဲကင်းစခန်းကို အကြမ်းဖက် PDF တွေက အင်အားအလုံးအရင်းနဲ့ လာရောက်ပစ်ခတ်ကြပေမယ့် ရဲတပ်ဖွဲ့တွေရဲ့ခုခံပစ်ခတ်မှုကြောင့် အကျအဆုံးတွေနဲ့ ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ မနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်ကစတင်ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း PDF အကြမ်းဖက်တွေထံက လက်နက်ခဲယမ်းတွေအပြင် အသေဖမ်းဆီးရရှိမှုတွေလည်းရှိခဲ့တယ်လို့လည်း သိရပါတယ်။
“ဖြစ်စဥ်ကမှန်ပါတယ်။ ကျွန်တေယ်တို့သိသလောက်ဆိုရင် ရဲတပ်ကြပ်ကြီး ၁ ဦး ဒဏ်ရာရတယ်။ ဟိုဘက်အဖွဲ့ထဲက ၁ လောင်း ၂ လက်နဲ့ ကျည်ဆန်တွေရတယ်ခဲ့လို့ သိရတယ်။ စခန်းမှာ ဒုရဲအုပ်တစ်ယောက်ဦးစီးထားတာတာ အင်အားနည်းပါတယ်။ ဟိုဘက်ကတော့ အင်အားအများအပြားနဲ့ လာတိုက်တာပါ” လို့ သတင်းအရင်းအမြစ်က PAN ကိုပြောပါတယ်။

ဖြစ်စဉ်သတင်းရရချင်း စစ်ကူစစ်ကြောင်းတွေကလည်း အပြင်းချီတက်လာပြီး စစ်ကူစစ်ကြောင်းတွေ မရောက်ခင်အထိ ရဲတပ်ဖွဲ့တွေက တစ်မနက်လုံး ကြံ့ကြံ့ခံပြီး ခုခံတွန်းလှန်တိုက်ခိုက်ခဲ့ကြတယ်လို့ စစ်သတင်းတွေဖော်ပြတဲ့ Telegram Channel တွေက ပြောဆိုထားကြပါတယ်။
#PAN