(ပြည်တွင်း) ဇူလိုင် ၁၇
ပြည်သူ့အင်အားဒီမိုကရေစီပါတီ [People Power For Democracy Party (PPD)]ရဲ့ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ်ပြန်ကြားချက်တွေအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်မှုမရှိတာကြောင့်ငြင်းပယ်ခဲ့သလို လီရှောအမျိုးသားပါတီရဲ့ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ်ပြန်ကြားချက်တွေအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ညီညွတ်မှုမရှိတာကြောင့် ငြင်းပယ်လိုက်တယ်လို့ ရွေးကော်က ထုတ်ပြန်ပါတယ်။

ခုလို ငြင်းပယ်ရတာဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးအမှတ်စဉ် (၃၀/၂၀၂၅) ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ (ဂ) အရငြင်းပယ် ရတာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့အထိ နိုင်ငံရေးပါတီ ၂၁ ပါတီကို တည်ထောင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ ၅ ပါတီကို ငြင်းပယ်ထားတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#PAN