နတ်မောက်ကအရ​ပ်သားတစ်ဦးကို PDF က သတ်ဖြတ်

(မှုခင်း) ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကွင်းကြီး အုပ်စု ကျောက်ချောကျေးရွာကအရပ်သားပြည်သူတစ်ဦးဟာ PDF အကြမ်းဖက်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကိုခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျောက်ချောကျေးရွာကိုဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်ကအကြမ်းဖက်ခေါင်းဆောင် ဗိုလ်ရာကျော် ဦးဆောင်တဲ့ အင်အား ၁၀ဦးခန့်ဟာ လက်နှက်ကိုယ်စီကိုင်ဆောင်ကာ ဆိုင်ကယ် ၆စီးနဲ့ ရောက်ရှိလာကြတယ်လို့လည်း ဒေသခံသတင်းအရင်းအမြစ်က ပြောပါတယ်။

ကျေးရွာအတွင်းဝင်ရောက်လာတဲ့ PDF အကြမ်းဖက်တွေဟာ အိမ်ရှင်ဖြစ်သူ ဦးသောင်းရွှေရဲ့ သားတွေဖြစ်ကြတဲ့ မောင်အောင်စိန် ၂၂ နှစ်နဲ့ မောင်မင်းအောင် ၂၅ နှစ်တို့ကို မြင်းတဲကြီးကျေးရွာဘက်ကိုခေါ်သွားပြီး ဒီနေ့ ၆ နာရီခန့်မှာတော့ သီးချောင်းရွာအရှေ့ဘက်မှာရှိတဲ့ တကြောင်းထိုးလမ်းပေါ်မှာ သတ်ဖြတ်သွားခဲ့ကြတယ်လို့ သိရပါတယ်။